၂၀၂၅ မေလတိုင်အောင် ကျန်းမာစွာ ပို့ဆောင်ခဲ့သော ဘုရားရှင်နာမတော်ဘုန်းကြီးပါစေ။ မေလက ဆရာနဲ့ဆရာမတို့ရဲ့ ချစ်လှစွာသော အစ်မငယ် Gloria Ei Ei Khaing အဖအိမ်တော်ကို ပြန်သွားတဲ့လဖြစ်တဲ့အတွက် လူ့အနေနဲ့ အင်မတန်ဝမ်းနည်းကြေကွဲရတဲ့လလည်း ဖြစ်ပါတယ်။ သို့ပေမဲ့၊ ဘုရားသခင်ရဲ့ အလိုတော်ကို ဝန်ခံပါတယ်။ ဘုရားသခင်ကောင်းမြတ်ပါတယ်လို့ ဝန်ခံပါတယ်။
မေလအတွင်းမှာ Myanmar Worship Ministries ရဲ့ Discipleship Training School (DTS) Batch 2 ၃ လသင်တန်းကို အစမှအဆုံးတိုင် အောင်မြင်စွာ ပို့ဆောင်ခဲ့သော ဘုရားသခင်ရဲ့ကျေးဇူးတော်ကို အထူးချီးမွမ်းပါတယ်။ သင်တန်းသူ၊ သင်တန်းသား ၈၉ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့ပါတယ်။
မေလထဲမှာ ပို့ဆောင်ခဲ့သော ဘုရားသခင်၏ ကျေးဇူးတော်ကို အတူရေတွက်ချီးမွမ်းဖို့၊ Myanmar Worship Ministries ရဲ့ အမှုတော်မြတ်အတွင်း လှုပ်ရှားမှုမှတ်တမ်းများကို ဖော်ပြပေးလိုက်ပါတယ်။ ကိုယ်တိုင်လည်း ခွန်အားယူရင်း၊ တခြားသူတွေကိုလည်း ဝေမျှပေးစေချင်ပါတယ်။
(၁) MWTV (အပတ်စဉ်နှုတ်ကပတ်တော်သင်ကြားခြင်း)
MW ရဲ့ အကြီးမားဆုံး mission ဖြစ်တဲ့ နှုတ်ကပတ်တော်သင်ကြားခြင်း MWTV အားဖြင့် လူပေါင်းများစွာ အသက်တာပြောင်းလဲခြင်းရှိတဲ့အတွက် ဘုရားသခင်ရဲ့ဂုဏ်တော်ကို အထူးချီးမွမ်းပါတယ်။
New Series - Drawing Near သာ၍နီးရာ နှုတ်ကပတ်တော်ကို ထုတ်လွှင့်ခဲ့ပါတယ်။
New Series - Grow နှုတ်ကပတ်တော်ကိုလည်း ထုတ်လွှင့်ခဲ့ပါတယ်။
ဆရာနဲ့ဆရာမတို့ မရှိတဲ့အချိန်မှာ အပတ်စဉ် နှုတ်ကပတ်တော် Live သင်ကြားခြင်းကို Spritual Warfare၊ ဝိညာဉ်စစ်ပွဲ နှုတ်ကပတ်တော်ကို ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။
အပတ်စဉ် နှုတ်ကပတ်တော် Live သင်ကြားခြင်းကို MW Social Media Platforms - Facebook, Youtube & Zoom တို့တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပါတယ်။
(၂) Hands of Mercy (ကရုဏာကမ်းလက်များ)
ခရစ်တော်၌ အငယ်ဆုံးသောသူများ မိဘမဲ့ ၊ မုဆိုးမများ ၊ ခက်ခဲသောသူများ (၁၆) ဦး ကို ဒီလအတွင်းမှာ မေတ္တာပြနိုင်ခဲ့ပါတယ်။
(၃) Lifelines (အသက်သွေးကြောများ)
MW ရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧဝံဂေလိလုပ်ငန်းများ၊ ဆုတောင်းခြင်း အစီအစဉ်များနဲ့ပတ်သက်ပြီး ဒီလအတွင်းလုပ်ဆောင်နိုင်ခဲ့တာတွေကတော့
ရှမ်းပြည်သာသနာ၊
ပအို့ဝ်သာသနာ၊
ကချင်ပြည်နယ် လူငယ်ထိန်းသိမ်းရေးလုပ်ငန်း၊
ထန်းတပင် ညောင်ပင်လေးရွာ သာသနာ
ကျောက်တန်းသာသနာလုပ်ငန်းများနှင့်
U Win Mission သို့ လစဉ် ဆန် ဆယ်အိတ်ပေးလှုခြင်းနှင့် နှုတ်ကပတ်တော်သင်ကြားခြင်းအပြီးမှာ ကလေးသူငယ်များကို မုန့်များ ကျွေးမွေးခြင်းခဲ့ကြပါတယ်။ Volunteer ဆရာမများမှ ကလေးသူငယ်များကို အရွယ်အလိုက် နှုတ်ကပတ်တော် သင်ကြားခြင်းပေးခဲ့ကြပါတယ်။
အပတ်စဉ် အင်္ဂါနေ့ Lifeline Prayer Room မှာ လူပေါင်း (၈၀-၉၀) ဝန်းကျင်အတူတကွ ဆုတောင်းခြင်းကိုအပတ်စဉ်ပြုလုပ်နိုင်ခဲ့ပြီး လွတ်မြောက်ခြင်းဆိုင်ရာ သက်သေခံချက်များကိုလည်း ကြားရတဲ့အတွက်ကြောင့် ဘုရားရဲ့ဂုဏ်တော်ကို ချီးမွမ်းမိပါတယ်။ ဆုတောင်းခန်းတွင် ပါဝင်ဖို့ အယောက်တိုင်းကို ဖိတ်ခေါ်ပါတယ်နော်။
မေလအတွင်း မြန်မာနိုင်ငံအတွင်း ထောက်ပံ့ကူညီ၊ ထိတွေ့ခဲ့သူ စုစုပေါင်း ၇၀၀ ဝန်းကျင် ရှိပါတယ်။
(၄) East to West (အရှေ့မှအနောက်သို့)
အရှေ့တိုင်းသားများက အနောက်နိုင်ငံရဲ့ထောက်ပံ့ပေးတဲ့အရာများကိုပဲ မျှော်လင့်နေတဲ့ အခြေအနေကနေ အခုအချိန်မှာတော့ MW အနေနဲ့ အနောက်နိုင်ငံအခြေစိုက် သာသနာပြုလုပ်ငန်းများကို ထောက်ပံ့နေပြီဖြစ်ပါတယ်။
၂၀၂၅ မေလအတွင်းမှာတော့
The Joshua Fund (ခက်ခဲသော ဂျူးလူမျိုးများအားထောက်ပံ့ခြင်း)
Open Doors (ညှင်းပန်းနှိပ်စက်ခံရသော ခရစ်ယာန်များကို ထောက်ပံ့ခြင်း)
Field of Wheats (ယုံကြည်သူ ဂျူးလူမျိုးများကို သာသနာပြုရန် သင်တန်းပေးသော သာသနာ) စတဲ့ သာသနာလုပ်ငန်းများကို ထောက်ပံ့ကူညီနိုင်ခဲ့ပါတယ်။
(၅) Light Chapels (အလင်းနေရာများ)
MW ၏ Light Chapels များလည်း လတိုင်းပုံမှန်အတိုင်း လည်ပတ်လျှက်ရှိပါတယ်။
Online Zoom၊ မြန်မာပြည်တွင်းမှာ ကော့မှူး၊ ပုဇွန်တောင်၊ စမ်းချောင်း၊ ထန်းတပင်၊ အင်းစိန်၊ သမိုင်း၊ ထန်းတပင်၊ မန္တလေးနှင့်
ပြည်ပမှာ ထိုင်း၊ စင်ကာပူ၊ U.S.A များ၌ ပြုလုပ်နိုင်ခဲ့ပါတယ်။
အစေခံသော Light Chapel ခေါင်းဆောင်များကို ဘုရားသခင်သာ၍ အသုံးပြုပါစေ။ LC များတွင် လူပေါင်း ၁၃၀ ပါဝင်ခဲ့ကြပါတယ်။ သင်ရှိတဲ့နေရာမှာ Light Chapel (အလင်းနေရာ) မရှိသေးရင်၊ သင်ကိုယ်တိုင် အစပြုချင်ရင်၊ Myanmar Worship Ministries ကို ဆက်သွယ်ဖို့ ဖိတ်ခေါ်ပါတယ်။
MWရဲ့ ရံပုံငွေအဖြစ် Deeper T-shirt များ၊ Deeper Tote Bags များကိုလည်း ဝယ်ယူအားပေးနိုင်ကြပါပြီ။ ဒါ့အပြင် ဆရာ့ရဲ့ Hillsong ရောက်မြန်မာတယောက် စာအုပ်ကိုလည်း ၆ ကြိမ်မြောက်ထုတ်ဝေထားပြီး မရသေးသူများ မှာယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
Sayama Mercy နှင့်အတူ Treasure Hunt အစီအစဉ်ကို အပတ်စဉ် Monday (Myanmar Program) & Thursday (English Program) တိုင်းတွင် ပါဝင်ခွန်အားယူဖို့လည်း ဖိတ်ခေါ်ပါတယ်။ မြန်မာစကားအားနည်းသော လူငယ်များအား Treasure Hunt အစီအစဉ်ဖြင့် မိတ်ဆက်ပေးဖို့လည်း ဖိတ်ခေါ်ပါတယ်။
MW Social Media Platform များကို Like, Follow & Subscribe လုပ်ထားပေးဖို့ တောင်းဆိုပါရစေ။ နှုတ်ကပတ်တော် အသံဖိုင်မျာကိုလည်း MW Podcast Channel များက တဆင့် နားဆင်ခွန်အားယူဖို့ဖိတ်ခေါ်ပါရစေ။